အင်္ဂလိပ်ဘာသာစကားဟာ ခေတ်သစ်ကမ္ဘာရဲ့ lingua franca ဖြစ်လာပြီးတော့၊ လူဦးရေ ၁.၅ ဘီလီယံကျော်က၊ ၎င်းကို ဒုတိယဘာသာစကားအဖြစ် ပြောဆို ကြပါတယ်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့်အတူ၊ နည်းပညာများ တိုးတက်လာ သည်နှင့်အမျှ အင်္ဂလိပ်စာရဲ့ အခန်းကဏ္ဍဟာလည်းပဲ ပိုမိုထင်ရှားလာ သိသာ လာပါတယ်။ ဒီဆောင်းပါးတွင်၊ ကျွန်တော်တို့အနေဖြင့် အင်္ဂလိပ်စာရဲ့ အနာဂတ်နှင့် ပတ်သက်တဲ့ အဓိကအချက်များကို ရေးသားတင်ပြသွားပါမယ်။
၁။ အင်္ဂလိပ်ကို ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုအဖြစ် အသုံးပြုခြင်း။ (English as a Global Language)
အင်္ဂလိပ်ဘာသာစကားဟာ
ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံးဘာသာစကားဖြစ်နေပြီး၊ ၂၀၂၅ ခုနှစ်မှာဆိုရင် လူဦးရေပေါင်း နှစ်ဘီလီယံခန့်က
၎င်းကို ပြောဆိုနိုင်လိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အင်တာနက် တိုးတက်လာမှု တို့နှင့်အတူ၊
ကမ္ဘာလုံးဆိုင်ရာဘာသာစကားအဖြစ် အင်္ဂလိပ်ရဲ့ အရေးပါမှုဟာလည်း ပိုမိုတိုးမြင့် လာပါလိမ့်မယ်။
သိပ္ပံ၊ နည်းပညာနှင့် စီးပွားရေး.....စတဲ့ နယ်ပယ်များမှာ အင်္ဂလိပ်က
ဆက်လက်လွှမ်းမိုးထားနိုင်မှာဖြစ်ပြီးတော့၊ သံတမန်ရေးရာနှင့် နိုင်ငံတကာ ဆက်ဆံရေးဘာသာစကားအဖြစ်လည်း
အသုံးပြုနေကြရပါတယ်။
၂။ အင်္ဂလိပ်ဘာသာစကား၏ အပြောင်းအလဲများ။(Changes in the English Language)
ဘာသာစကားဆိုတာ
အမြဲတစေ တိုးတက်နေတတ်တဲ့အတွက် အင်္ဂလိပ်စာဟာလည်း အမြဲတစေတိုးတတ်နေပါတယ်။ ဒီဘာသာစကားဟာ
ကမ္ဘာအနှံ့အပြားသို့ ပြန့်နှံ့ လာတာနှင့်အမျှ၊ ၎င်းကို ဒေသလိုအပ်ချက်များနှင့်
ကိုက်ညီအောင် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်မွမ်းမံ၊ အသုံးပြုနေကြပါတယ်။
ဥပမာအားဖြင့်၊ အိန္ဒိယအင်္ဂလိပ်နှင့် စင်္ကာပူအင်္ဂလိပ်တို့ဟာ မူရင်းအင်္ဂလိပ်ဘာသာစကားမှာမရှိတဲ့
၎င်းတို့ရဲ့ ကိုယ်ပိုင် ထူးခြားသော အင်္ဂလိပ်ဘာသာစကား အသုံးအနှုန်းအင်္ဂါရပ်များကို
တီထွင်ခဲ့ကြ ပါတယ်။ ဒါ့အပြင်၊ နည်းပညာ ထွန်းကားလာမှုကြောင့် "selfie" နှင့်
"tweet" ကဲ့သို့သော စကားလုံးများနှင့်
စကားစုအသစ်များအား တီထွင်ဖန်တီးခြင်းကို ဦးတည်သွားစေပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ
အကြောင်းအရာအသစ်များနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများနှင့်
လိုက်လျောညီထွေဖြစ်စေတဲ့ အတွက်ကြောင့် အင်္ဂလိပ်ဘာသာစကားဟာ ဆက်လက်ပြောင်းလဲပြီး၊
ဖွံ့ဖြိုးတိုးတက်လာ ဖွယ်ရာရှိပါတယ်။
၃။လူမှုရေးရာသွားလာရွေ့လျားနိုင်မှုအတွက် ကိရိယာတစ်ခုအနေဖြင့် အင်္ဂလိပ် ဘာသာစကားအား အသုံးပြုခြင်း။ (English as a Tool for Social Mobility)
အင်္ဂလိပ်ဘာသာစကားဟာ
လူသားတွေအနေနဲ့ နိုင်ငံရပ်ခြားသွားလာလှုပ်ရှားမှု၊ ပေါင်းကူးဆက်သွယ် သွားလာနိုင်ရေးတို့အတွက်
မရှိမဖြစ် အသုံးပြုကြရတဲ့ ကိရိယာတစ်ခု ဖြစ်လာပြီးတော့၊ လူအများအပြားအနေဖြင့်
၎င်းတို့၏စီးပွားရေး အလားအလာကို တိုးတက်စေရန်အတွက် ဒီဘာသာစကားကို လေ့လာသင်ယူ ကြပါတယ်။
အင်္ဂလိပ်ဘာသာစကားအား မိခင်ဘာသာစကားအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေမှာ အင်္ဂလိပ်စာသင်ကြားပေးတဲ့
ဆရာ/မများ လိုအပ်ချက်မြင့်မားလေ့ရှိပြီး၊ ဘာသာစကားစွမ်းရည်တိုးတက်စေရန်အလို့ငှာ
နိုင်ငံရပ်ခြားမှာ သွားရောက် ပညာသင်ကြားရန် လူအများအပြားက ရွေးချယ်ကြလေ့ရှိပါတယ်။
ကုမ္ပဏီများ အနေဖြင့်လည်း အင်္ဂလိပ်လို ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်တဲ့
ဝန်ထမ်းများအား လိုအပ်လာတာနှင့်အမျှ အလုပ်အကိုင်ဈေးကွက်မှာလည်းပဲ
အင်္ဂလိပ်စာကျွမ်းကျင်မှု အခန်းကဏ္ဍ ပို၍အရေးကြီးလာပါတယ်။ အင်္ဂလိပ်စာဟာ
လူမှုရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အဖိုးတန်ပစ္စည်းတစ်ခုအဖြစ် ဆက်လက် တည်ရှိ
နေတာကြောင့် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု လိုအပ်ချက် ဆက်လက် တိုးမြင့် လာဖွယ်ရာ
ရှိနေပါတယ်။
နိဂုံးချုပ်အားဖြင့်၊
အင်္ဂလိပ်ဘာသာစကားဟာ ဂလိုဘယ်လိုက်ဇေးရှင်း၊ နည်းပညာနှင့် လူမှုဆိုင်ရာ ရွေ့လျားသွားလာ(လူသားများရဲ့
ပြောင်းရွှေ့၊ နေထိုင်၊ လူကူးသွားလာမှူ) နိုင်တဲ့ ဘာသာစကားဖြစ်လာတာကြောင့်
ခေတ်သစ်ကမ္ဘာမှာ ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လာပါလိမ့်မယ်။ ဘာသာစကားဟာ
ဆက်လက် တိုးတက် ပြောင်းလဲနေမှာဖြစ်သလို၊ ၎င်းအနေဖြင့် ၂၁ ရာစုမှာ ဆက်သွယ်ရေးနှင့်
အောင်မြင်မှု တို့အတွက် အရေးပါတဲ့့ကိရိယာအဖြစ် ဆက်လက်တည်ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။
မှတ်ချက်။
ဤဆောင်းပါးအား Chat GPT-3 ဖြင့် Prompt ထားသည့် ဒေတာများကို မြန်မာဘာသာနဲ့
ဆီလျော်အောင် တည်းဖြတ်ပြီး ဘာသာပြန်ရေးသားခြင်းဖြစ်ပါသည်။
ရိုးရှင်းသောစေတနာဖြင့်
ဟန်နရီအောင်မြင့်
၁၅/၃/၂၀၂၃
.png)