Saturday, August 13, 2022

    မနာလိုဖြစ်ခြင်း၏ထောင်ချောက်
The ENVY Trap.

 

                                        Photo: Internet source.                

                 

ရည်ညွှန်းကျမ်းချက်များ - သု ၁၄း၃၀၊ မာ ၇း၂၀-၂၃

 

နိဒါန်း။

မနာလိုခြင်းကို ဘယ်သူမှ သိပ်မကြိုက်ကြဘူး၊ ဒါပေမဲ့ ၎င်းရဲ့အကျိုးဆက် ဆိုးကျိုးကို သိပ်သတိ မထားမိကြဘူး။ မနာလိုခြင်းဟာ မကောင်းမှုဟူသမျှရဲ့ အရင်းအမြစ် ဖြစ်ပါ တယ်။ (Envy is the root of Evil)။ ဒါကြောင့် ဒီလိုအတွေးမျိုးပေါ်လာပြီဆိုရင် အလွန် သတိထားသင့်ပါတယ်။ ဥပမာ-

    ကောင်းကင်ဘုံမှာ စာတန်အကြီးအကဲရဲ့ တွန်းလှန်ခြင်း။ (နေရာ/ရာထူးနှင့် တန်ခိုးအား တပ်မက်ခြင်း)

    ဧဒင်ဥယျာဉ်ထဲမှာ စာတန်၏လှည့်စားခြင်း။

    ဧသတာ၏ပုံပြင်။

    ဘုရင်ဆောလု၏ ဒါဝိတ်အပေါ်ကြံစည်မှု။

    ဂျူးလူမျိုးများနှင့် ရောမလူမျိုးတို့၏ ယေရှုအား သတ်ဖြတ်ခြင်း။

    ယခု ကျွန်ုပ်တို့ -

 

ကျွန်တော်တို့မနာလိုဖြစ်ရခြင်းရဲ့ မတူညီတဲ့ အကြောင်းတရားပေါင်းများစွာ ရှိနေနိုင် ပါတယ်။ အများဆုံးကတော့ -

-        သူငယ်ချင်း/လုပ်ဖောင်ဆောင်ဖက်တွေရဲ့အလုပ်ကြိုးစားမှုမှ ထွက်ပေါ်လာတဲ့ အောင်မြင်မှုကြောင့်။

-        သူငယ်ချင်း/လုပ်ဖောင်ဆောင်ဖက်တွေ အရည်အချင်း၊ လုပ်ရည် ကိုင်ရည် ပြည့်ဝ လာပြီး၊ ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည် မတိုးတတ်လာတဲ့ အခါ။

-        သူများ တစ်စုံတစ်ခုခုကို သင်ယူနေသော်လည်း၊ ကျွန်တော်တို့အနေနဲ့ ဘာမှ သင်ယူခြင်းမရှိတဲ့အခါ။

-        လုပ်ဖော်ဆောင်ဖက်/အသိုင်းအဝိုင်းမှ အလွန်စာဖတ်ပေမဲ့၊ ကျွန်တော်တို့ စာဖတ်ခြင်း အားနည်းလာတဲ့အခါ။

-        ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ မိတ်ဆွေ၊ အပေါင်းအသင်းများ ရာထူး၊ လစာ တိုးမြှင့်ခြင်းခံရပေမဲ့၊ မိမိတို့ မပါလာတဲ့အခါ။

-  အခြားသောသူများအနေဖြင့် တစ်ခုတည်းသောအရာကို အာရုံစူးစိုက်နေပေမဲ့၊ ကျွန်တော်တို့အနေနဲ့ သူများတကာရဲ့ လုပ်ဆောင်တဲ့အရာတွေ၊ ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာတွေ၊ အရာခပ်သိမ်းကို စိတ်ဝင်စားတဲ့အခါ။

တကယ်တော့ မနာလိုခြင်းဟာ နောက်ထပ် ဆိုးဝါးတဲ့အရာတွေကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးတဲ့ ထောင်ချောက်တစ်ခုပါပဲ။

တည်ငြိမ်​သော​စိတ်နှလုံး​သည် ကိုယ်ခန္ဓာ​၏​အသက်​ဖြစ်​၏​။ မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ ဆွေးမြည့်​စေ​တတ်​၏​။” (သု ၁၄း၃၀) Proverbs. 14: 30 “A peaceful heart leads to a healthy body; jealousy is like cancer in the bones.”


သင့်​အိမ်နီးချင်း​၏​အိမ်​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​မယား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တပ်မက်​ရ​”​ဟု မိန့်​တော်မူ​၏​။”(ထွက် ၂၀း၁၇)

ပညတ်တော် (၁၀) ပါး၏နောက်ဆုံးအချက်ဖြစ်ပါတယ်။


တကယ်တော့ မနာလိုခြင်းဟာ “ဘုရားသခင်၊ ကိုယ်တော်ရဲ့အကြံအစည်တော်ဟာ ငါ့အကြံအစည်လောက်မတော်ပါလား?” လို့ ပြောလိုက်တာနဲ့အတူတူပဲ။ သူများကို သွား အာရုံစိုက်စေပြီး၊ မိမိရဲ့ အရေးပါတဲ့ အာဂျင်ဒါတွေကို ဦးစားပေးမှု အားနည်းသွား စေပါတယ်။ 

 

၁။ စိတ်ဓာတ်ရေးရာ အားနည်းမှုကို ဖြစ်စေခြင်း။


၁၄:၃၀ ကျန်းမာသောစိတ်နှလုံးဆိုသည်မှာ စိတ်အေးချမ်းသာ ဖြစ်သည်။ ထို့ကြောင့် Knox က “စိတ်နှလုံးချမ်းမြေ့သူသည် ကျန်းမာသော ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်”ဟု ဆိုသည်။

ငြူစူသောစိတ်သဘောထားက ရိုးတွင်းခြင်ဆီကုန်ခမ်းသဖြင့် အရိုးဆွေးမြေ့စေသည်။ သက်စိုး မရှည်နိုင်။ ထိုအကြောင်းကို   Dr.Paul Adolph က ဤသို့ ရှင်းပြသည်။

အချို့အာရုံကြောများ၏ အဓိကအကြောင်းရင်းမှာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း (သူတပါးခွင့်မလွှတ်သဖြင့် ခံစားရသည် စိတ်ဖိစီးမှု) ကြောက်ရွံ့မှု၊ စိတ်ရှုတ်ထွေးမှု၊ ရောဂါရရှိမှာ စွဲလန်းစိုးရိမ်ခြင်း၊ သံသယစိတ်၊ မနာလိုစိတ်၊ အတ္တလွန်ကဲမှု၊ သီးမခံနိုင်ခြင်းများကြောင့် ဖြစ်သည်။ ထိုရောဂါများ ပျောက်ကင်းအောင် မကုသနိုင်သည့် အကြောင်းရင်းမှာ စိတ်ပညာရှင် ဆရာဝန်များ၏ အဓိကအားနည်းချက် တခုဖြစ်သည်။ ကံအကြောင်းမလှသဖြင့် ကုသထုံးနည်းနာမှားယွင်းကြသည်။ အမှန်စင်စစ်၏ ထိုရောဂါကုထုံးနည်း အခြေခံအချက်မှာ ဘုရားသခင်၏ ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ငြိမ်သက်ခြင်း ရယူကုစားဖို့ မေ့လျှော့နေကြသည်။“  (ယုံကြည်သူအနက်ဖွင့်)

မနာလိုသဝန်တိုခြင်းဟာ ဘုရားသခင်မှ မိမိအပေါ် ဖန်ဆင်းထားသည့်ပုံသဏ္ဌာန်အား ငြင်းပယ်ခြင်းပင် ဖြစ်ပါတယ်။ စိတ်နှလုံးသားဟာ လူရဲ့အဓိကကျသော မကောင်းမှု အလုံးစုံတို့ရဲ့ သန္ဓေတည်တဲ့နေရာဖြစ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းမှုဟာ လူ့အသက်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိပေမဲ့လည်း၊ ဆန့်ကျင်ဘက် အနေဖြင့် မနာလိုခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်တည်ငြိမ်မှုကို မဖြစ်ပေါ်စေ တတ်ဘူး။ အမြဲတမ်း တစ်ဖက်သားကို ငြူစူတတ်တယ်။ တစ်ဖက်သား ကိုယ့်ထက် ညံ့မှ (သို့) သူများ အောင်မြင်မှု/ ကောင်းကြီးမင်္ဂလာ ခံစားရမှုတို့အတွက် သူတို့နဲ့အတူ ဝမ်းမြောက်ပေးမည့်အစား၊ တစ်ဖက်သားကို နစ်နာစေချင်တာ၊ ကိုယ့်ထက်သာလွန် သောသူ မဖြစ်စေချင်တာ.. စတတွေကိုပဲ တွေးတောနေတယ်။ သူများအတွက် မုဒိတာပွားခြင်း မရှိတတ်ဘူး။ ရှင်ပေါလု ပြောထားတဲ့ဟာ နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ ​ငိုကြွေး​ကြ​လော့။ 16အချင်းချင်း​ တစ်စိတ်​တစ်သဘောတည်း​ရှိ ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။” (ရော ၁၂း၁၅-၁၆)

အမှန်တကယ်ပါပဲ လူတစ်ယောက်ရဲ့ စိတ်တည်ငြိမ်ခြင်း၊ အေးချမ်းမှုတို့ဟာ လူတစ် ယောက်ရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင် ဆက်စပ်မှုရှိစေပါတယ်။  အသက်ကို ပိုရှည်စေတယ်လို့ ဆိုကြပါတယ်။ တချိန်လုံး သူများကို မနာလိုဖြစ်ခြင်းဟာ မိမိစိတ်ဓာတ်ကို နိမ့်ကျစေတယ်။ သဘောထားကို ကျဉ်းမြောင်းစေတယ်။ စိတ်တည်ခြင်း မရှိတော့ နောက်ဆုံး ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက် အန္တရာယ်ထိခိုက်စေပါတယ်။ “မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ ဆွေးမြည့်​စေ​တတ်​၏​။” အဲဒီမနာလိုခြင်းဟာ စိတ်ဓာတ်တင်မကပဲ၊ အရိုးထိပါ ဆွေးမြေးစေတယ် ဆိုတော့ ရိုးတွင်းခြင်ဆီကိုပါ ခန့်ခြောက်စေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ရေးရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။

 

ကျွန်‌တော်တို့ နိုင်ငံမှာဆိုရင် သူများသာပြီဆိုရင် အောက်ကို ဆွဲချတတ်တဲ့အကျင့်၊ မိမိကိုယ်ကို မြှင့်တင်တတ်တဲ့အကျင့်မရှိဘူး။ ဥပမာ - အင်္ဂလိပ်စကား နည်းနည်း ပြောတတ်ရင်အောင်၊ ပိုတိုးတတ်လာအောင် ကြိုစားမဲ့အစား ဖုန်း/ကွန်ပျူတာတွေကို မြန်မာ စာစနစ်ပြောင်းပစ်လိုက်တာ၊ Upgrade ဖြစ်လာမည့်အစား downgrade ဖြစ်သွားရော။ မနာလိုခြင်းဟာ လူတစ်ယောက်ရဲ့ဘဝကို ဆုတ်ယုတ်စေတယ်။ ဘာလဲလို့လဲ ဆိုတော့ သူက မနာလိုခြင်း ဖြစ်နေလို့ပါပဲ။ ဒါဟာ သင့်ကို ဒီထက်မက မတိုးတတ်လာစေဖို့ ထောင်ချောက်ပါပဲ။ လက်ရှိ ရှိနေတဲ့နေရာကနေ ရှေ့တိုး/ နောက်ဆုတ်မရအောင် ချည်ထောင်ထားတဲ့ ကြိုး/ထောင်ချောက်ပါ။


ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က လူအသီးသီးတို့ကို “ဖြစ်နိုင်တဲ့ အစွမ်းအစ” (ability or potentiality) ပေးထားပြီး ဖြစ်ပါတယ်။ မိမိဘဝကြီးထွားမှု၊ ကောင်းကြီး မင်္ဂလာခံစားမှုတို့သည် မိမိ၏ဆုတောင်းခြင်း၊ ဘုရားအပေါ် ယုံကြည်ခြင်းနှင့် နည်းလမ်း မှန်ကန်စွာ အလုပ်ကြိုးစားလုပ်ကိုခြင်း၊ မိမိဘဝ တိုးတတ်အောင် လေ့လာ သင်ယူ တတ်ခြင်း  တို့ကနေ တိုက်ရိုက်ရောင်ပြန်ဟပ် အချိန်အခါအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကောင်းကြီးမင်္ဂလာဆိုတာ မြင်ရတဲ့ ရုပ်ဝတ္ထုထက် မမြင်တွေ့ နိုင်တဲ့ အရာအားဖြင့် အများကြီးတည်ရှိနေနိုင် ပါတယ်။ ဥပမာ - စိတ်တည်ငြိမ်တာ၊ ဘုရားသခင်ရှုထောင့်ကနေ အရာခပ်သိမ်းကို သိမြင် တတ်တာ၊ ခံယူနိုင်တာ... စတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ်။ “ဖြစ်နိုင်တဲ့ အစွမ်းအစ”(ability or potentiality) လို့ ပြောထားတဲ့အတွက် ဘာမှ မလုပ်ရင် ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဥပမာ- လူတစ်ယောက် ကောင်းကြီး မင်္ဂလာခံ စားခြင်းဟာ သူ့ရဲ့ ဆုတောင်းအားခြင်းကြောင့် ဖြစ်နိုင်သလို (သို့) နည်းလမ်း မှန်ဖြင့် ၎င်းလိုအပ်တဲ့အရာကို ရရှိလာအောင် ကြိုးစားလုပ်ဆောင်ခြင်း ဖြင့်လည်း ဖြစ်ပေါ်လာ နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်တတ်ခြင်းက သူများအပေါ် မနာလိုခြင်းဖြစ်ဖို့ အချိန်မရှိ သလို၊ တစ်ဘက်မှာလည်း သူများဟာ သူ့လိုပဲ ဘုရားသခင် ပေးထားတဲ့ ဆုကျေးဇူး (သို့) အစွမ်းအစကို ကြီးထွားစေတာဖြစ်တယ်လို့ သူလက်ခံတာ ဖြစ်ပါ တယ်။

 

လက်တွေ့လုပ်ဆောင်ရန် -

ü ဒါကြောင့် မိမိလုပ်ဖော်ဆောင်ဖက် လစာတိုးတာ (သို့) ရာထူးတိုးခြင်းအတွက် ဝမ်းမြောက်ပေးပါ။

ü သူများ လက်ဆောင်ရတာ (သို့) ငွေကြေးဖြစ်ဖြစ် လက်ခံရရှိတာအတွက် ဝမ်းမြောက်ပေးပါ။

ü မိမိ အိမ်နီးနားချင်း ကျန်းမာခြင်းအတွက် ဝမ်းသာပေးပါ။

ü မိမိ အသိုင်းအဝိုင်းမှ လူတစ်ဦးတစ်ယောက် ပညာရေးမှာ ထူးချွှန်သောသူဖြစ်ပါ ဝမ်းသာပေးပါ။

 

နောက် ဒုတိယအချက်က‌....

၂။ မကောင်းမှုအားလုံးတို့၏ အစပြုရာနေရာကို ဖန်တီးပေးခြင်း - အတွင်းစိတ်။

ရှင်မာကုက......

20 တစ်ဖန် ကိုယ်တော်​က “လူ့​အတွင်းမှ​ထွက်လာ​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​၏။ 21 အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊ 22 အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။ 23 ဤ​ဆိုးညစ်​သော​အရာ​အားလုံး​တို့​သည် အတွင်း​မှ​ ထွက်လာ​၍ လူ​ကို ​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။ (မာ ၇း၂၀-၂၃၊ မြန်မာ့စီမံကျမ်း)

 

7:20-23 မကောင်းသော လုပ်ရပ်သည် တစ်ခုတည်းသော အတွေးဖြင့် အစပြုသည်။ ကျွန်ုပ်တို့၏ စိတ်များကို တပ်မက်စေခြင်း၊ ငြူစူခြင်း(အနာလိုခြင်း)၊ မုန်းတီးခြင်း သို့မဟုတ် ကလဲ့စားချေခြင်းအား ခွင့်ပြုခြင်းသည် အပြစ်ရှိသောလုပ်ရပ်များဆီသို့ ဦးတည်သွားစေမည် ဖြစ်သည်။ အပြစ်ရှိသော လုပ်ဆောင်ချက်များကို မှီဝဲဆည်းကပ် ခြင်းဖြင့် ဘုရားသခင်၏အမှုတော်အတွက် သင့်ကိုယ်သင် မထိုက်မတန်စေအောင် မဖန်တီးမိပါစေနှင့်။ အဆိုးကို တွေးခြင်းမှ ကောင်းသောအရာတစ်ခုမျှ မရရှိလာ နိုင်ပါ။ ယင်းအစား ပေါလု၏အကြံဉာဏ်ကို လိုက်နာပါ။

8 နောက်ဆုံး​အနေဖြင့်​ ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။ 9ငါ့​ထံမှ သင်​တို့​သင်ကြား​ခံယူ​လျက် ကြားနာ​သိမြင်​ခဲ့​သော​အရာ​တို့​ကို ပြုကျင့်​ကြ​လော့။ သို့ပြုလျှင် ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။ (ဖိလိ ၄း၈-၉) (Life Application Study Bible, 3rd Edition,20`5, NLT)

 

အတွင်းစိတ်နှလုံးသားထဲမှာ ပဋိသန္ဓေစွဲယူသွားတဲ့ မနာလိုခြင်းလို အတွေးမျိုးဟာ မကောင်းတဲ့ ရလဒ်ကို ထွက်ပေါ်စေပါတယ်။ ပထမဦးဆုံး မိမိကိုယ်ကို မကောင်းတဲ့ အရာ ဖြစ်ပေါ်စေတယ်။ ထို့နောက် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ရှင်ယာကုပ်က

14လူ​သည် မိမိ​တပ်မက်​ခြင်း​၏​ဆွဲငင်​ရာ​သို့ ​လိုက်​ပါ​လျက် လှည့်ဖြား​ဆွဲဆောင်​ခြင်း​ခံရ​ကာ ဖြားယောင်း​သွေးဆောင်​ရာ​သို့ ရောက်​တတ်​၏။ 15ထိုအခါ တပ်မက်​ခြင်း​သည် သန္ဓေ​တည်​၍ အပြစ်​ကို​ဖွားမြင်​ပြီး အပြစ်​သည် ကြီးပြင်း​ရင့်မာ​သောအခါ သေ​ခြင်း​ကို​ဖြစ်ပွား​စေ​၏။” (ယာ ၁း ၁၄-၁၅)

 

မကောင်းမှုဟူသမျှဟာ စိတ်ထဲကနေ အစပြုတဲ့အတွက် မိမိစိတ်နှလုံးသားကို အထူးသတိထား စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ သုတ္တံကျမ်းထဲမှာလည်း ....

23 သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့်​ထိန်းသိမ်းစောင့်ရှောက်​လော့​။

အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။

24ကောက်ကျစ်​သော​နှုတ်​ကို သင့်​ထံမှ​ဖယ်ရှား​လော့​။

စဉ်းလဲ​သော​နှုတ်ခမ်း​ကို​လည်း သင်​နှင့်​ဝေးကွာ​စေ​လော့​။

25သင်​၏​မျက်စိ​သည် ရှေ့​သို့​ စေ့စေ့ကြည့်​ပါစေ​။

သင်​၏​မျက်လွှာ​သည်​လည်း သင့်​ရှေ့​တည့်တည့်​အာရုံ​ပြု​ပါစေ​။

26သင်​လျှောက်​ရာ​လမ်း​ကို​ချင့်ချိန်သုံးသပ်​လော့​။

သို့ပြုလျှင် သင်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် တည်မြဲ​လိမ့်မည်​။

27လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လှည့်​နှင့်​။

သင်​၏​ခြေ​ကို မကောင်းမှု​မှ ဖယ်ခွာ​စေ​လော့​။” (သု ၄း၂၃-၂၇)

 

ဒါကြောင့် ဒီမကောင်းတဲ့ ထောင်ချောက်ဖြစ်တဲ့ မနာလိုခြင်းနဲ့ ကင်းကွာစေဖို့ ၎င်းရဲ့ ဆိုးကျိုးတွေကို အသိအမှတ်ပြုရပါမယ်။ ဘုရားသခင် မကြိုက်တဲ့အရာတစ်ခု ဖြစ်ပါ တယ်။ ဒီအချက်တွေကို မလုပ်ဆောင်မိအောင် သမ္မာကျမ်းစာဖတ်ရှုခြင်းနဲ့ အထက်ပါ ကျမ်းပိုဒ်အတိုင်း ဘုရားသခင်ကို အမြဲတမ်းအာရုံစူးစိုက်ဖို့ သင်ယူခြင်းဖြင့် ဒီအရာနဲ့ ဝေးသထက် ဝေးအောင် ဘဝမှာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘဝမှာ အားလုံးက သင်ယူစရာတွေနဲ့ ပြည့်နှပ်နေပါတယ်။ အနာဂတ်မှာ ကောင်းမွန်စွာ ရှင်သန်နိုင်ဖို့အတွက် အမြဲတမ်း လေ့လာသင်ယူတတ်တဲ့ စိတ်ဓာတ်၊ အချိန်သတ်မှတ် လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မွေးကနည်းကနေပါလာတဲ့ ကောင်းမွန်တဲ့ အရာတွေဟာ နည်းပါတယ်။ မကောင်းတဲ့အရာက များလွန်းပါတယ်။ ကျွန်တော်တို့ဟာ အပြစ်သား ဘိုးဖွား - အာဒံနှင့် ဧဝတို့ဆီက သွေးသားအရ ဆက်စပ် ပါလာခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့အရာတွေကို တတ်နိုင်သမျှ မလုပ်ဆောင်မိစေဖို့ ပြန်လည်သင်ယူကြ(Need to unlearn)ရပါမယ်။


My personal sharing of my former co-ministers in the Teaching Ministry, they were once had to experience poverty or even unable to support enough daily allowance / food/ meals but by God’s grace alone and blessings to them. Now, they have been growing in their ministries and I am very much happy to seeing and hearing about them, which really bring delightfulness in my heart. Though I still have not been owing anything but the experiences and growing my professionalism. So I do hope in the future, God will surely make me to see it.

 

မနာလိုဖြစ်ခြင်းအတွက် ကုသဆေးမှာ ဘုရားသခင်၏သင့်အား မည်သူနဲ့မှ မတူအောင် အထူးသီးသန့် ထူးခြားသူဖြစ်အောင် ဖန်ဆင်းပေးပြီး၊ ကောင်းကြီးမင်္ဂလာချပေးထား ကြောင်းနှင့် သင့်အပေါ် ဆုကျေးဇူးအဖြစ် ပေးထားပြီးဖြစ်တဲ့ အစွမ်းအစတွေကို ဖွံ့ဖြိုး ကြီးထွားလာအောင် တမင်တကာ ဦးစားပေးလုပ်ဆောင်ခြင်းမှ အစပြုပါတယ်။ ဒါ့အပြင် လောကကြီးမှာ အသက်တာကုန်ဆုံးတဲ့အချိန်အထိ တသွေမသိမ်း လိုက်လျှောက် ကြီးထွား ရင့်ကျက်လာအောင် ထိန်းသိမ်းခြင်းဖြင့် ဘုရားသခင်နှင့် သင့် အသိုင်းအဝိုင်း အား အစေခံခြင်းပင် ဖြစ်ပါတယ်။


ဆရာကြီး Rick Warren က သူ့ရဲ့ the Purpose Drive Life စာအုပ်ရဲ့ အခန်းကြီး ၄၁ ထဲမှာ -

မနာလိုမှုက “ဘာကြောင့် သူတို့က အဲဒီလို ဖြစ်နေကြရတာလဲ?” “ငါ့မှာ မရှိတာတွေ သူတို့က ဘာကြောင့် ရရှိနေကြတာလဲ?” လို့ မေးတတ်တယ်။

ကျေးဇူးချီးမွမ်းတတ်ခြင်းက “ငါက ဘာကြောင့် ဒီလောက်ကောင်းမွန်တဲ့အရာတွေ ရရှိနေရတာလဲ?” “ငါက ဘာကြောင့်မို့လို ဒီလောက် ကောင်းလွန်းနေတာလဲ?” လို့ မေးတတ်တယ်။


20ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌ 21အသင်းတော်​အားဖြင့်​လည်းကောင်း၊ ခရစ်တော်​ယေရှု​အားဖြင့်​လည်းကောင်း ခေတ်ကာလ​အဆက်ဆက် ထာဝစဉ်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။” (ဧဖက် ၃း၂၀-၂၁)

 

နိဂုံးချုပ်

မနာလိုခြင်းဟာ မမြင်တွေ့နိုင်တဲ့ စိတ်ထဲကနေ အစပြု ပဋိသန္ဓေစွဲယူပြီး၊ ကြီးမားပြီး မြင်တွေ့လို့ရတဲ့ ဆိုကျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ မိမိကိုယ်ကို ဒုက္ခပေးတဲ့အပြင် သူများကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဘုရားသခင်ကို ဆန့်ကျင်ရာလည်း ရောက်စေပါတယ်။ ယေဘုယျအနေဖြင့် ဘုရားသခင်မှ လူသားအားလုံးတို့အပေါ် ချစ်မြတ်နိုးပြီး၊ လူတိုင်းကို ကောင်းကြီးမင်္ဂလာချပေးကြောင်းကို အသိအမှတ်ပြု လက်ခံရမှာ ဖြစ်တဲ့အပြင်၊ အရေးအကြီးဆုံးက မိမိ ဘာကြောင့် သူများနဲ့မတူသလဲ ဆိုတာထက် “ငါ က ဘုရားနဂိုပေးထားတဲ့ ငါနဲ့သလား?” ဆိုတာကိုပဲ မေးမြန်း သင့်ပါတယ်။ နောက်ဆုံးသောနေ့ရက်/ ဘုရားသခင်ရဲ့ ရှေ့မှောက်တော်သို့ ရောက်ရှိ လာတဲ့အခါ ဘုရားသခင်က “မင်းကို မင်းနဲ့တူအောင် ငါပေးထားခဲ့တဲ့ အစွမ်းအစကို ဘယ်လိုကြီးထွားစေပြီး အကျိုးရှိရှိ နိုင်ငံတော်နှင့် ယုံကြည်သူများ အတွက် အချိန်မှန် အသုံးပြုခဲ့သလား?” လို့ပဲ မေးမှာဖြစ်ပြီး၊ “မင်းဘာဖြစ်လို့ သူများနဲ့ မတူ သလဲလို့” မေးမှာ မဟုတ်ဘူးဆိုတာကို အမြဲတမ်း သတိရသင့်ပါတယ်။ ဒါကြောင့် သူများရဲ့ ကောင်းတဲ့အချက်တွေ၊ သူများအလုပ် လုပ်ကိုင်ပုံ လုပ်ကိုင်နည်း၊ အသိပညာ၊ အတတ်ပညာရပ်တွေကို အတုယူကြရမှာဖြစ်ပေမဲ့လို့ ဘယ်အချက်တွေ(ဥပမာ-personality stytles)တွေကို တော့ မနာလိုမဖြစ်သင့်သလို၊ အတုယူသင့်/ မယူသင့်ဆိုတာကိုလည်း ခွဲခြားသိနိုင်ဖို့အတွက် ဘုရားသခင်ပေးတဲ့ ဥာဏ်ပညာရပ်ကို လက်တွေ့အသုံးချကြရမှာဖြစ်ပါကြောင်း အနည်းငယ် ဝေငှလိုက်ပါတယ်။

 

မနာလိုခြင်းကင်းဝေးကြပါစေ။

 

အားလုံးကို ဘုရားသခင် အသစ်တစ်ဖန် ကောင်းကြီးမင်္ဂလာချပေးပါစေ။

ကျေးဇူးတင်ပါတယ်။


အောင်မြင့်(13\4/8/2022) 

Monday, August 8, 2022

"၂၀၂၂ ခုနှစ်  ငွေကြေးဖောင်းပွမှုနဲ့ သက်ဆိုင်တဲ့ စကားလုံးသစ်များ" 



English Language Knowledge sharing ကဏ္ဍမှ ဒီတစ်ပတ်မိတ်ဆက်ပေးချင်တဲ့ စကားလုံးသစ်တွေကို မျှဝေတဲ့အခါမှာ မူရင်းစာသားတွေကိုလည်း တစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။  

(၁) #ripflation ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကုမ္ပဏီများအနေဖြင့် သူတို့၏ ဖောက်သည်များကို လိမ်ညာစေသော နည်းလမ်းတစ်ခုအရ လိုအပ်သည်ထက် ပိုပြီး သူတို့၏ဈေးနှုန်းများကို တိုးမြှင့်စေဖို့ရန် ဆင်ခြေတစ်ခုအဖြစ် ငွေကြေးဖောင်းပွမှုအား အသုံးပြုလာသော အခြေအနေ" ( the situation when companies use inflation as an excuse to increase their prices more than necessary in a way that rips off 😊 cheats) their customers) ကို ဆိုလိုသည်။ ဒါကို လက်တွေ့အားဖြင့် 

(၁) Ripflation is an excellent opportunity for such a company that only aims for profit while not solving people's problems as a solution. 

(၂) There is always the chance of ripflation whenever there is inflation occurs in the economy....စသဖြင့် သုံးနိုင်ပါတယ်။ 

(၂) #skimpflation ပါ။ "ကုန်ပစ္စည်းတစ်ခု (သို့) ဝန်ဆောင်မှုတစ်ခုခု၏ ဈေးနှုန်းမှာ (တိုးခြင်း/လျော့ခြင်းမရှိ) တစ်ပြိုင်တည်းဆက်လက်ရှိနေသော်လည်းပဲ၊ ၎င်းတို့၏အရည် အသွေးများ ပိုမိုဆိုးရွားလာသော အခြေအနေရပ်" ( the situation when the price of a product or service stays the same but the quality becomes worse)ကို ဆိုလိုပါတယ်။ ဒီလို သုံးလို့ရပါတယ်။ 

(၁) Skimpflation seems to be good until it deceives the customers. 

(၂) I'm not too fond of such a skimpflation. 

(၃) #greedflation ဆိုတဲ့ စကားပါ။ "ကုမ္ပဏီများအနေဖြင့် သူတို့၏ဝင်ငွေများကို များနိုင်သမျှ များများရရှိလာစေရန်အလို့ငှာ လိုအပ်သည်ထက် သူတို့၏ဈေးနှုန်းများအား တိုးမြှင့်စေဖို့ရန် ငွေကြေးဖောင်းပွခြင်းအား အသုံးပြုလာသော အခြေအနေရပ်" ( the situation when companies use inflation as an excuse to increase their prices more than necessary in order to make as much money as they can)ကို ဆိုလိုတယ်။ ဒါကို ဥပမာ....

(၁) Some small business owners usually take advantage of greedflation to profit more from their sales.

(၂) Greenflation harms everyone, especially that under-poverty in the region. 

(၄) #unretirement noun [U, C] ဆိုတာက "အငြိမ်းစားယူပြီးနောက်ပိုင်း အလုပ်သို့ပြန်သွား/ အလုပ်ပြန်လုပ်သည် အပြုအမူ" (the act of going back to work after you have retired) ကို ဆိုလိုပါတယ်။ ဒါကို လက်တွေ့ သုံးမယ်ဆိုရင်တော့.

(၁) Unretirement is one's practical concept of how Life on earth could be enjoyed until its end. 

(၂) Life sometimes needs adjustments between retirement and Unretirement based on health. 

(5) #Deflation ဆိုတဲ့ စကားလုံးပါ။ အဓိပ္ပါယ်ကတော့ “တန်ဖိုးကျဆင်းခြင်း ဆိုသည်မှာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများလျော့နည်း/ ကျဆင်းလာမှုကို ဖော်ပြဖို့ရန် အသုံးပြုထားသည့် စီးပွားရေးဆိုင်ရာ စကားလုံး” ကို ဆိုလိုပါတယ်။ ဤကဲ့သို့သော ငွေကြေးတန်ဖိုးကျဆင်းခြင်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတတ်မှုကို နှေးကွေးစေသည်။ ငွေကြေးတန်ဖိုးကျဆင်းမှုသည် စီးပွားရေးတိုးတက်မှု ကို နှေးကွေး စေသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ ၀ယ်လိုအား နိမ့်ကျနေချိန်နှင့် အလုပ်လက်မဲ့ အဆင့်များ မြင့်မားလာသောအခါတွင် ၎င်းသည် ပုံမှန်အားဖြင့် ဖြစ်ပွားလေ့ရှိသည်။

“အသိပညာကို သူများနဲ့ ပြန်လည်မျှဝေခြင်းဖြင့် သူများကို တော်၊ တတ်စေသောသူ ဖြစ်ပါစေ။” 

ရိုးရှင်းသော စေတနာဖြင့် မျှဝေခြင်း- 

@Aung Myint

8/8/2022

#၂၀၂၂ စကားလုံးသစ်အစီအစဉ် 

Thursday, August 6, 2020

အမေရိကန်သမ္မတ (၈)ဦး၏အံ့အားသင့်ဖွယ်စာပေဖတ်ရှုခြင်းအမူအကျင့် နှင့် ၎င်းတို့ကြိုက်နှစ်သက်သည့်စာအုပ်များ။ 

(8 Fascinating Stories About Presidents And Their Favorite Books)



ဘာသာပြန်သူ – အောင်မြင့်
အောက်ပါတို့မှာ အိမ်ဖြူတော်အတွင်း၌ရှိနေကြစဉ် သမ္မတ (၈) ဦးတို့၏အံ့အားသင့်ဖွယ်ရာစာပေဖတ်ရှုခြင်းအကျင့်များ နှင့် ၎င်းတို့ကြိုက်နှစ်သက်သည့်စာအုပ်များပင်ဖြစ်ကြသည်။
၁။ သမ္မတာ John Adams နှင့် Thomas Jefferson တို့အတွက် စာပေဖတ်ရှုခြင်းမှာ အကုန်အကျများခဲ့သည် သို့ရာတွင် အကျိုးရှိသည့်ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်။.  
စာအုပ်များသည် အမေရိကန်ပြည်သူများအတွက် ကောင်းမွန်သည့် အသိဥာဏ်ဆိုင်ရာပုံရိမ်တစ်ခုဖြစ်စေဖို့ အမေရိကန်သမ္မတများ အားလုံး တို့မှ ယခုအချိန်အထိ စဉ်ဆက်မပြက် အသုံးပြုခဲ့ကြသည့် ယဉ်ကျေးမှု ဆိုင်ရာအသုံးအဆောင်ပစ္စည်းဖြစ်ပါသည်။
၁။ သမ္မတ John Adams နဲ့ Thomas Jefferson တို့အတွက် စာအုပ်များ ၀ယ်ယူဖို့အခက်အခဲရှိ သည့်တိုင်အောင် စာအုပ်များ၀ယ်ဖတ်ခဲ့ကြသည်။
ဤ သမ္မတ နှစ်ဦးအသက်ရှင်ခဲ့သည့်အချိန်ကာလ ၁၇၇၆ အေဒီ ၀န်းကျင် တွင် စျေးအကြီးဆုံးဖြစ်ခဲ့သည်။ အာဒမ်စမက်၏ The Wealth of Nations စာအုပ်မှာ ယနေ့ဒေါ်လာနဲ့ နှိုင်းယှဉ်မည်ဆိုပါက ၆၁၅ ဒေါ်လာ ကျင့်သင့် မည်ဖြစ်ပါသည်။ ၄င်းပမာဏဖြင့် ယခုအခါ iPad တစ်လုံး ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် စာအုပ်များ၀ယ်ယူဖို့အတွက် အကုန်အကျများခဲ့သည့်တိုင် အောင် အဆိုပါသမ္မတနှစ်ဦးတို့မှာ အမေရိကန်ပြည်ထောင်စုတည် ထောင်သည့်အချိန်ကာလတွင် စာဖတ်အများဆုံးပုဂ္ဂိုလ်များ စာရင်းတွင် ပါ၀င်ခဲ့ကြပေသည်။ Jefferson သည် သူ၏ကိုယ်ပိုင်စာကြည့် တိုက်တွင် စာအုပ်ပေါင်း (၆၄၈၇) အုပ်အထိစုဆောင်းထားခဲ့ပြီး၊ ၄င်းမှာ နောင်အခါ တွင် လွှတ်တော်၏အခြေခံစာကြည့်တိုက် (the Library of Congress) ဖြစ်လာခဲ့သည်။ Jefferson က “စာအုပ်မရှိဘဲ ငါအသက်မရှိနိုင်” ဟုဆိုခဲ့ ပါသည်။ John Adams တွင် သူ၏ကိုယ်ပိုင်စာကြည့်တိုက်တွင် စာအုပ်ပေါင်း (၃၀၀၀) အထိ စုဆောင်းထားခဲ့သည်။
၂။ Abraham Lincoln သည် သူ၏နိုင်ငံရေး နှင့် လူမှုရေးဆိုင်ရာ ကျွမ်းကျင်ပြောင်မြောက်မှုများကို ပိုမိုထက်မြတ်စေဖို့အတွက် သူတတ်နိုင်သမျှ စာအုပ်များကို ဖတ်ရှုရှာဖွေ ခဲ့သည်။
အဆိုပါ ခေတ်ကာလသဘာဝပတ်ဝန်းကျင်တွင် အမေရိကန်ပြည်ထောင်စုတည်ထောင်သူများအနေဖြင့် စာအုပ်များကို ရှာဖွေဖတ်ရှုရခြင်းသည် ပို၍ပင်ခက်ခဲနေခဲ့သည်။ မရှိဆင်းရဲသည့်မိသားစုပေါက်ဖွားလာသည်နှင့်အညီ Abraham Lincoln သည် သမ္မာကျမ်းစာ၊ စာရေးဆရာ Parson Weems ရေးသားသည့် Life of Washington စာအုပ်၊ Aesop’s fables၊ Robinson Crusoe ၊ Pilgrim’s Progress နှင့် အမေရိကန်ပြည်ထောင်စုသမိုင်း တို့အပါအဝင် စာအုပ်အများအပြားဖတ်ရှုဖို့ အကန့်အသတ်ရှိနေခဲ့ပြီး စာအုပ်အနည်းငယ်ကိုသာ ရွေးချယ်ဖတ်ရှုနိုင်ခဲ့သည်။
Lincoln သည် စာအုပ်အသစ်များဖတ်ရှုနိုင်ဖို့ ကြိုးစားခဲ့သည့်တိုင် သူ့အနေဖြင့် ၎င်းတို့ကို အမြဲတမ်းမဖတ်ရှုနိုင်ခဲ့ပေ။ စာအုပ်အသစ်များမရရှိနိုင်သည့်အချိန်တွင် သူဖတ်ပြီးသောစာအုပ်အနည်းငယ်ကို ထပ်ကာထပ်ကာပြန်လည်ဖတ်ရှုခဲ့သည့်အတွက် ၎င်းတို့၏အနှစ်သာများကို နှံစပ်ထားနိုင်ခဲ့သည်။ သမ္မာကျမ်းစာအုပ် နှင့် Shakespeare စာအုပ်များထံမှ အများသုံးဘာသာစကားအသုံးအနှုန်းတို့ကို မြင့်သားစေခြင်း၊ Aesop စာအုပ်မှ အကြောင်းအရာတစ်ခုခုအား အကွက်ကျကျထောက်ပြဆွေးနွေးပြောဆိုနိုင်ဖို့ အနုပညာမြောက်သည့် မီးမောင်းထိုးပြချက်များ၊ Weems စာအုပ်မှ လုများ၏နှလုံးသားများကို ဖမ်းယူဆွဲဆောင်နိုင်သည့်ခေါင်းဆောင်တစ်ဦး၏ချီးကျူးဖွယ်ရာအတက်ပညာများကို ရရှိသင်ယူနိုင်ခဲ့သည်။
သူ၏စာပေဖတ်ရှုမှုသည် မရှိဆင်းရဲသည့်တိုင် စာပေဖတ်ရှုမှုမြတ်နိုးသူတစ်ဦးမှသည် ကျွန်ုပ်တို့၏ ကဗျာဆရာ သမ္မတကြီးအဖြစ်သို့ရောက်ရှိလာနိုင်ခဲ့ခြင်း၊ သူ၏အများနဲ့မတူထူးချွန်ပြောင်မြောက်သည့်ဆင့်ကဲဖွံ့ဖြိုးတိုးတတ်လာနိုင်မှုအတွက် ချီးကျူးဖို့အတွက် ထိုက်တန်သလို၊ ထိုကဲ့သို့ချီးကျူးမှုများစွာကို ရရှိစေခဲ့သည်။ နောက်ဆုံးတွင် သူ၏ အသိဥာဏ် နှင့် ဥာဏ်ပညာတို့အတွက် ဂုဏ်ပြုသည့်အနေဖြင့် သူ့ရုပ်တုအား Mount Rushmore ပေါ်တွင် ထင်ရှားစွာတွေ့မြင်နေရသည်။
၃။ Teddy Roosevelt သည် အိမ်ဖြူတော်၌ရှိနေစဉ်အတွင်း The Jungle စာအုပ်ရေးသားသူ Upton Sinclairအပြင် စာရေးဆရာများစွာကို မိတ်ဆွေဖွဲ့ခဲ့သည်။
Teddy Roosevelt ၏ စာအုပ်များအား ဖတ်ရှုမှုနှစ်သက်မြတ်နိုးခြင်းသည် အိမ်ဖြူတော်၌ရှိနေသည့်အချိန်အတော်အတွင်းမှာပင်တစ်ညတည်းတွင် စာအုပ် နှစ်အုပ်မှ သုံးအုပ်အထိဖတ်ရှုခဲ့သည်။ ၎င်းသည် သူ့အား ငှက်များ၊ ကဗျာ၊ နိုင်ငံရေး၊ ရေတပ်အင်အား နှင့် အတ္ထုပ္ပတ္တိများ ..ကဲ့သို့သော မတူညီသည့်အကြောင်းအရာများစွာကို နှံစပ်သိရှိနိုင်သည့် အားကိုးအားထားရသည့်ဗဟုသုတများကို ရရှိစေဖို့ အထောက်အကူဖြစ်စေခဲ့သည်။ တကယ်လို့ စာအုပ်တစ်အုပ်အနေဖြင့် သူ့အား ဖမ်းစားထားပါက Roosevelt အနေဖြင့် ၎င်းစာရေးဆရာကို ဆက်သွယ်ပြီး မိတ်ဆွေဖွဲ့ထားလိုက်သည်။ ၎င်းကဲ့သို့လုပ်ဆောင်ခြင်းသည် Roosevelt ၏ဗဟုသုတပိုမိုကြွယ်ဝစေခြင်း နှင့် စာရေးဆရာ၏နည်ကောင်းရစေခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ သူမိတ်ဆွေဖွဲ့ခဲ့သည့်စာရေးဆရာများတွင် Alfred Thayer Mahan၊Upton Sinclair ၊ Israel Zangwill နှင့် Jacob Riisတို့ ပါဝင်ခဲ့ကြသည်။ တကယ်လို့ စာရေးဆရာတစ်ဦးဦးအနေဖြင့် သူ့အား မဖမ်းစားနိုင်ပါကလည်း သူသည် စာအုပ်တစ်အုပ်ကို ယူပြီး သင့်လျှော်သလို စတင်ဖတ်ရှုလိုက်တော့သည်။ သူသည် မီးရထားများစောင့်ဆိုင်းနေသည့်အချိန်များ (သို့) တွေ့ဆုံဖို့ချိန်းဆိုသည့်အချိန်များတွင် စာအုပ်များကို ဖတ်ရှုနေတတ်ပြီး ပါတီပွဲများ နှင့် ကွန်ဖရင့်အစည်းအဝေးများတွင်လည်း တိုနည်းအတိုင်းပင် စောင့်ဆိုင်းနေရသည့်အချိန်များ၌ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်ဖို့ စိတ်ကတိကအောက်ဖြစ်မနေခဲ့ပေ။


၄။ John F. Kennedy ၏ James Bond ဝတ္ထုအား နှုစ်သက်ခြင်းအား မီဒီယာများမှ ဖွင့်ဖွလိုက်ကြသည့်အတွက် ၎င်းဝတ္ထုစာအုပ်များမကျန်တော့လောက်အောင် ရောင်းအားသွပ်ခဲ့ရပြီး သမ္မတ နှင့် Ian Fleming.တို့ကိုပါ နာမည်ကြီးထွားစေခဲ့သည်။
John F. Kennedy သည် Ian Fleming ၏ ဝတ္ထုများကိုနှစ်သက်ခြင်းအား လူသိရှင်ကြားဖေါ်ထုတ်ခဲ့ခြင်းသည် superspy James Bond အား အများအပြားပုံနှိပ်ထုတ်ဝေဖို့ရန် တွန်းအားကို ဖြစ်စေခဲ့သည်။ သို့မဟုတ် ဤသည်မှာ အနည်းဆုံးလုပ်ကြံသတင်းတစ်ပုဒ်လည်းဖြစ်နိုင်ပါသည်။ Kennedy သည် အဆိုပါစာအုပ်များကို အတိုင်းအတာတစ်ခုအထိ ကြိုက်နှစ်သက်ခဲ့သည့်တိုင် မီဒီယာများထဲတွင် ကြီးမားစွာ ဖေါ်ပြခဲ့သည့်အတိုင်းအတာအထိတော့ မနှစ်သက်ခဲ့ပေ။ Newsweek သတင်းထောက်တစ်ဦး နှင့် Kennedy ၏မိတ်ဆွေဖြစ်သူ နောင်တစ်ချိန်တွင် the Washington Post ၏ အယ်ဒီတာဖြစ်လာခဲ့သူ Ben Bradlee က “ကနေဒီအနေဖြင့် Bond books များ နှင့် ရဒပ်ရှင်များ၏ ခေတ်စားမှု၊ လ္လိင် နှင့် ကြမ်းတမ်းမှုများ” ကို နှစ်သက်ပုံရတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
ကနေဒီ၏စိတ်ဝင်စားမှု အတိုင်းထက်အလွန်ကျော်ကြားခဲ့သည်။ ၎င်းသည် ကနေဒီ၏လက်ထောက် Arthur Schlesinger ကပင်လျှင် Kennedy ၏ Fleming နဲ့ဆက်နွယ်မှုအား သူ၏ “James Bond အား စွဲသွားခြင်းဟု ယူဆထားခြင်း” မှာ “လူသိရှင်ကြားနှုတ်တိတ်ဆိတ်မှု” တစ်ခုကို ပြုလုပ်ဖို့ရန် တွန်းအားကိုပင် ကြုံတွေ့ခဲ့ရသည်ဟု ပင် ဝန်ခံခဲ့ရသည်။ အဆိုပါ နှုတ်ဆိတ်ထားမှုတစ်ခုသည် Kennedy နှင့် Fleming တို့အတွက် အလွန်ပင် အောင်မြင်မှုရရှိခဲ့သည်။
၅။ Ronald Reagan သည် ၁၉၈၅ ခုနှစ်တွင် “The Hunt For Red October” ၏စာအုပ်များကို ချီးမွမ်းခဲ့သည့်အခါ launch Tom Clancy ၏အသက်မွေးဝမ်းကျောင်းအလုပ်(စာအုပ်ရေးသားခြင်း) စတင် ပုံနှိပ်ထုတ်ဝေဖို့ အကူအညီပေးခဲ့သည်။
သူ့သရုပ်ဆောင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် လူသိများခဲ့သည့်တိုင် Ronald Reagan သည် စာပေဖတ်ရှုဖို့ ကြိုက်နှစ်သက်သူဖြစ်သည်။ သူ့ပြောရေးဆိုခွင့်ရှိသူ Marlin Fitzwater က ရီဂန်အနေဖြင့် မကြာသေးမီက ထုတ်ဝေထားသော nonfiction စာအုပ်များ (စိတ်ကူးယဉ်အရကြံစည်ရေးသားထားသည့်စာအုပ်များမဟုတ်သော) ကို ဖတ်ရှုနေကြောင်းကို မီဒီယာများကို ဖွင့်ပြောနိုင်ကြောင်း ပြောဆိုခဲ့သည်။ ရီဂန်အနေဖြင့် Louis L’Amour Westerns ၏ဝတ္ထုစာအုပ်ကို ပုံမှန်ဖတ်ရှုနေခြင်းထက် သတင်းထဲတွင် အထက်ပါအကြာင်းအရာမှာ ပိုမိုထင်ရှား ကောင်းမွန်လိမ့်မည်ဟု Fitzwater က ထင်မှတ်ထားခဲ့သည်။ သို့သော် “မဟုတ်ဘူး Marlin ငါတို့ အဲဒီလိုလုပ်ဖို့ မလိုဘူးထင်တယ်” ဟု ရီဂန်က ပြောခဲ့သည်။
Reagan သည် တီထွင်ရေးသားထားသည့်ဝတ္ထုစာအုပ်များ(fiction) စွာကို ဖတ်ရှုခဲ့သည်။ ၎င်းသည် မထင်ရှားခဲ့သည့်အာမခံအရောင်းသမား Tom Clancy အား တမူထူးခြားထင်ရှားသည့်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်အဖြစ်သို့ ပြောင်းလဲသွားအောင် အထောက်အကူဖြစ်စေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ရီဂန်က Clancy ၏ Cold War techno-thriller The Hunt စာအုပ်အား Red October “a perfect yarn” ဟု ခေါ်တွင်ခဲ့ပြီးနောက် ရောင်းရအကောင်းဆုံးစာအုပ်အဖြစ် ထောင်တက်သွားခဲ့တော့သည်။ “သမ္မတ ရီဂန်က စာအုပ်ကို ရောင်းရအကောင်းဆုံးစာအုပ်အဖြစ် လုပ်ပေးလိုက်တာပါ” ဟု Clancy က ဝန်ခံခဲ့သည်။ ထို့အပြင် “ကျွန်တော်ဟာ အသစ် Hemingway တော့ မဟုတ်ပါဘူး မထင်မှတ်ထားတဲ့ ကံကောင်းခြင်းသက်သက်သာဖြစ်ပါတယ်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သေးသည်။ Hemingway ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Reagan သည် Clancy အား အလွန်ချမ်းသာသွားစေသည့်စာရေးအဖြစ်သို့ တွန်းပို့ကူညီပေးခဲ့ခြင်းမှာ ငြင်းလို့မရပေ။ သူသည် နောက်ထပ်ထုတ်ဝေမည့် ဝတ္ထုစာအုပ် (၃) အုပ်အတွက် ဒေါ်လာသုံးသန်းကျော်စာချုပ်တစ်ခုကို ပင်ချုပ်ဆိုနိုင်ခဲ့သည်အထိ အောင်မြင်မှုကို ရရှိစေခဲ့သည်။
၆။ Bill Clinton သည် လျှို့ဝှက်ဆန်းကြယ်သည့်ဝတ္ထုများကို မဖတ်ရ မနေနိုင်ဖြစ်ခဲ့ရသည်။ ၎င်းတို့အား cheap little thrills outlet.” ဟု သူခေါ်တွင်ခဲ့သည်။
Bill Clinton သည် လျှို့ဝှက်ဆန်းကြယ်ရေးသားချက်များကို ဖတ်ရှုဖို့ နှစ်သက်သူဖြစ်သည်။ သူက “ကျွန်တော် လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေကို နှစ်သက်တယ်၊ စွဲနေတယ်၊ ဒါတွေက ကျွန်တော့်ရဲ့ ဈေးအနည်းငယ်ပေါတဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေထဲကတစ်ခုပေါ့” ဟု C-SPAN သတင်းဌာနမှ Brian Lamb အား ပြောကြားခဲ့ဖူးသည်။
လျှို့ဝှက်ဆန်းကြယ်ဝတ္ထုရေးဆရာများအတွက် ၎င်းတို့၏စာအုပ်များအား ကလင်တန်၏စာအုပ်ဖတ်စာရင်းထဲသို့ ရောက်ရှိသွားအောင် ပြုလုပ်ပေးခဲ့သည့် စီးပွားရေးဆိုင်ရာအခွင့်အရေးတစ်ခုရှိခဲ့သည်။ ကလင်တန်မှ Walter Mosley ၏ စုံထောက်ဝတ္ထု White Butterfly အား ဖတ်နေသည်ဟု သတင်းထွက်လာသည်နှင့် ၎င်း၏ရောင်းအားမှာထောင်တက်သွားခဲ့သည်။ အများကြီးမဟုတ်သည့်တိုင် Mosely အနေဖြင့် သူမျှော်လင့်ထားခဲ့သလိုပဲ စဉ်းစားမိလောက်သည့်အဆင့်တွင် ရှိနေခဲ့မည်သာဖြစ်သည်။ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကလင်တန်သည် Washington’s Mystery Books မှ ထွက်ပေါ်လာပြီး သူဝယ်ယူထားသည့် Michael Connelly ၏ Concrete Blonde စာအုပ်များကို ကိုင်ထားသည်ကို ကင်မရာများ နှင့် သတင်းထောက်များမှ တွေ့ရှိရိုက်ကူးသွားကြသည့်အတွက် ထိုကတည်းကပင် Connelly ၏ စာအုပ်များမှာ ချက်ချင်းပင် ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သွားသည်။
၇။ George W. Bush သည် သူ့သမ္မတတာဝန်ထမ်းထောင်စဉ်အတွင်း စာအုပ်ပေါင်း (၁၈၆) အုပ်ကို (၂) နှစ်ကျော်အတွင်း ဖတ်ရှုနိုင်ခဲ့သည့်အတွက် အံအားသင့်စရာလောက်များပြားသည့်စာအုပ်များကို ဖတ်ရှုနိုင်ခဲ့သည်။
သူ၏နာမည်ကျော်ကြားခြင်းနဲ့ဆန့်ကျင်ဘက် George W. Bush သည် နောက်ကွယ်၌အလွန်ပင်စာပေဖတ်ရှုလေ့လာသောသူတစ်ဦးဖြစ်သည်။ သူ့အား စာပေမဖတ်ရှုမလေ့လာသူတစ်ဦး နှင့် မစူးစမ်းမလေ့လာသူတစ်ဦးအဖြစ် စွပ်စွဲမှုများရှိနေခဲ့သည့်တိုင် Bush သည် စာအုပ်မြောက်များစာကို ဖတ်ရှုနေခဲ့သူဖြစ်သည်။ “George W. Bush ကို သိရှိလာခဲ့တာ ၃၃ နှစ်ကြာတိုင်အောင်ရှိနေပြီ သူ့အနီးအနားမှာ အမြဲတမ်း စာအုပ်တစ်အုပ်အုပ်တော့ ရှိနေတာကို ကျွန်တော်တွေ့ရတယ်” ဟု Karl Rove က ၂၀၀၈ ခုနှစ်တွင် ရေးသားခဲ့သည်။
Bush သည် ၂၀၀၆ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်အတွင်း စာအုပ်ပေါင်း (၁၈၆) အုပ် ဖတ်ရှုခဲ့သည်။ အဓိက အတ္ထုပ္ပတ္တိစာအုပ်များ နှင့် သမိုင်းစာအုပ်များကို ဖတ်ရှုခဲ့သည်။ နှိုင်းယှဉ်မည်ဆိုပါက သာမန်အမေရိကန်တစ်ဦးအနေဖြင့် တစ်နှစ်ကို စာအုပ်ပေါင်း (၄) အုပ်သာဖတ်ပြီး၊ (၂၇) ရာခိုင်နှုန်းသော အမေရိကန်များအနေဖြင့် တစ်နှစ်လုံးတွင် စာအုပ်လုံးဝပင် မဖတ်ကြကြောင်း အစီရင်ခံချက်နဲ့ နှိုင်းယှဉ်မည်ဆိုပါက၊ Bush သည် သမ္မတအိမ်ဖြူတော်ထဲတွင် ရှိနေစဉ်မှာပင် လင်ကွန်း အတ္ထုပ္ပတ္တိစာအုပ် (၁၄) အုပ်အထိ ဖတ်ရှုခဲ့သည်။ ထို့အပြင် ၎င်းဖတ်စာရင်းများထဲတွင် သူနေ့စဉ်ခွန်အား ယူပြီး၊ တစ်နှစ်ပတ်လုံးဖတ်ရှုနေသည့် သမ္မာကျမ်းစာအုပ်လည်း ရှိနေသေးသည်။ အခြားအံ့အားသင့်စရာတစ်ခုမှာ Bush သည် ခွဲခြားချိုးနှိမ်ခြင်းမပြုဘဲ liberal နှင့် conservative စာရေးဆရာများရေးသားသည့်စာအုပ်များအားလုံးကို ဖတ်ရှုတတ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် Clinton နှင့် Obama တို့မှာ liberal စာရေးဆရာများရေးသားသည့် စာအုပ်များကိုသာ အထူးသီးသန့် ဖတ်ရှုခဲ့ကြသည်။ သို့ရာတွင် Reagan သည် conservatives စာရေးဆရာများရေးသားသည့်စာအုပ်များကို နှစ်သက်ခဲ့သည်။


၈။ Obama သည် အစောပိုင်းကာလကတည်းကပင် ရောင်းရအကောင်းဆုံးစာရေးဆရာအဖြစ် သူ့ကိုယ်သူ တည်ဆောက်ထားနိုင်ခဲ့သည်။
Obama သည် အစောပိုင်းကလကပင် သူ၏အမှတ်တရစာအုပ်ဖြစ်သည် Dreams from My Father စာအုပ်ရေးသားခြင်းဖြင့် သူ၏ စာရေးဆရာအသက်မွေးဝမ်းကျောင်းအလုပ်အား ဥာဏ်ရည်ထက်မြတ်သည့်ပုံရိပ်ကောင်းတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့သည်။ အဆိုပါစာအုပ်မှာ ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပြီး ၎င်းသည် အိုဘားမားအား သီးခြားချမ်းသာကြွယ်ဝမှုကိုဖြစ်စေခဲ့သည်။ သို့သော် Obama သည် အခြားသောနည်းလမ်းများအားဖြင့်လည်း ရောင်းအားကောင်းသည့်စာအုပ်များကို ဖန်တီးနိုင်ခဲ့သည်။
Obama သည် ယခင်သမ္မတများထုတ်ဝေထားခဲ့သည့်ပုံမှန်ထူးခြားနေတတ်သည့်စာအုပ်များကို နှစ်သက်သူဖြစ်သည်။ အိုဘားမား၏မျက်စိတ်ကျသည့်စာအုပ်များတွင် Kent Haruf ၏ Plainsong၊ Richard Price ၏ Lush Life၊ onathan Franzen ၏ Freedom နှင့် Doris Kearns Goodwin ၏ Team of Rivals တို့ ပါဝင်ကြသည်။ သမ္တအိုဘားမားသည် အနည်းဆုံးရောင်းအားအကောင်းဆုံး စာအုပ်နောက်တစ်အုပ်လောက်တော့ အသေအချာပင် ရေးသားထုတ်ဝေအုံးမည်ဖြစ်သည်။
အိမ်ဖြူတော်မှ သူထွက်ခွာအနားယူသွားသည့်အချိန်တွင် သူ၏သမ္မတသက်တမ်းအတွင်းအမှတ်တရများအား ရေးသားစေဖို့ သမ္မတဆိုင်ရာသမိုင်းမှတ်တမ်းအတွက် စံချိန်တင်လောက်သည့်အကြီးမားဆုံးသော ကြိုတင်ဝင်ငွေ အမှန်တကယ်ပင် ရရှိလိမ့်မည်ဖြစ်သည်။ အသေအချာပြောရမည်ဆိုပါက သမ္မတဟောင်းများအတွက် ကြီးမားသည့်ကြိုတင်ဝင်ငွေရရှိမှုသည် အသစ်အဆန်းမဟုတ်တော့ပေ။ Harry Truman သည် သူ့အမှတ်တရစာအုပ်ရေးသားခြင်းအတွက် အမေရိကန်ဒေါ်လာ (၆၇၀.၀၀၀) ရရှိခ့ပြီး သူ့အနေဖြင့် အခြားပြင်ပဝင်ငွေအနည်းငယ်သာရရှိခဲ့သည်။ ယခုအခါ သမ္မတများသည် ကြီးမားသည့်ပင်စင်လစာ(ခ)များရရှိကြသည့်အပြင် ၎င်းတို့၏အမှတ်တရစာအုပ်ရေးသားခြင်းအတွက် ကြီးမားသည့်အခကြေးငွေများကိုလည်း ရရှိလာကြသည်။ George W. Bush အတွက် ဒေါ်လာ (ရ) သန်း နှင့် Bill Clinton အတွက် ဒေါ်လာ (၁၅) သန်းတို့ဖြစ်သည်။ အိုဘားမားအနေဖြင့် ရောင်းရအကောင်းဆုံးစာအုပ်တစ်အုပ်ကို ရေးသားမည်ဖြစ်ပြီး အထက်ပါနှုန်းထားများထက် ပို၍ပင်များပြားသည့်အခကြေးငွေများကို ရရှိမည်သာဖြစ်သည်။
ဤဆောင်းပါးအား စာရေးရာ Tevi Troy ၏ What Jefferson Read, Ike Watched, and Obama Tweeted: 200 Years of Popular Culture in the White House.”စာအုပ်မှ ကောက်နှုုတ်ထားခြင်းဖြစ်ပါသည်။
မူရင်း Post ကို အောက်ပါ လင့်အတိုင်း သွားရောက်ဖတ်ရှုနိုင်ပါသည်။ 

အင်္ဂလိပ်စာ၏အနာဂတ်အလားအလာ

  အင်္ဂလိပ်ဘာသာစကားဟာ ခေတ်သစ်ကမ္ဘာရဲ့ lingua franca ဖြစ်လာပြီးတော့၊ လူဦးရေ ၁.၅ ဘီလီယံကျော်က၊ ၎င်းကို ဒုတိယဘာသာစကားအဖြစ် ပြောဆို ကြပါတယ်။ ကမ္...